Myo Myat Han

တန်ဖိုးရှိတဲ့ ကျွမ်းကျင်မူတွေကို ဘယ်လိုတည်ဆောက်မလဲ

valuable skills

တန်ဖိုးရှိတဲ့ ကျွမ်းကျင်မူတွေကို ဘယ်လိုတည်ဆောက်မလဲ ======================================================

·

Mar 24, 2022

၁၉၄၀ အစောပိုင်းတုန်းက ဆွီဒင်နိုင်ငံတောင်ပိုင်း Almhult ဒေသလေးမှာ လူငယ်လေးတယောက် ကြီးပြင်းခဲ့တယ်။ နှစ်အနည်းငယ်အတွင်းမှာပဲသူဟာ လူသန်းပေါင်းများစွာအပေါ် အကြိုးသက်ရောက်မူ ရှိခဲ့တယ်။ ဒါပေမဲ့လို့ အဲ့ဒီအချိန်မတိုင်ခင်တုန်းကတော့ သူ့နာမည်ကို ဘယ်သူမှ မသိခဲ့ပါဘူး။

လူငယ်လေးဟာ သေးငယ်ပြီးရိုးရှင်းတဲ့ ပရောဂျက်တွေကို လုပ်ဆောင်ခဲ့တယ်။ သူမြို့ကနေ နာရီအနည်းငယ်ပဲ မောင်းရတဲ့ Stockholm ကနေပြီးတော့ မီးခြစ်ဆံဘူးတွေ အများဝယ်လို့ရတာ သိခဲ့တယ်။ မီခြစ်ဆံဘူးတွေ စျေးချိုချိုနဲ့ အများကြီးဝယ်ပြီးတော့ စျေးအသင့်အတင့်နဲ့ပြန်ရောင်းခဲ့တယ်။

သိပ်မကြာပါဘူး စက်ဘီးတစီးနဲ့ မီးခြစ်ဆံပတ်ရောင်းနေေတာ့တာပါပဲ။ မီးခြစ်ဆံတွေ ရောင်းကောင်းလာတော့ သူ့စီးပွားရေးကို စချဲ့ပါတော့တယ်။ သိပ်မကြာခင်မှာပဲ ခရစ်စမတ်အလှဆင်ပစ္စည်း၊ငါး၊သစ်စေ့၊ဘောပင်နဲ့ခဲတံတွေကို ထပ်တိုးပြီးရောင်းခဲ့တယ်။ နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ပရိဘောဂပစ္စည်းတွေကို စတင်ရောင်းချပါတယ်။

လူငယ်လေးရဲ့နာမည်က Ingvar Kamprad လို့ခေါ်ပါတယ်။ အသက် ၁၇နှစ်မှာ သူ့စီးပွားရေးကို နာမည်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး IKEA လို့ ခေါ်တွင်ခဲ့ပါတယ်။

၂၀၁၃ မှာ IKEA က $37 billion ဝင်ငွေရှိခဲ့ပါတယ်။ မီးခြစ်ဆံလေးတွေနဲ့စခဲ့တဲ့ ဇာတ်လမ်းဟာ အံ့မခန်းပါပဲ။

မီးခြစ်ဆံရောင်းခြင်းနှင့် တန်ဖိုးရှိသော ကျွမ်းကျင်မှုများကို တည်ဆောက်ခြင်း

လူတိုင်းဟာ IKEA လို အောင်မြင်ချင်ကြတာပါပဲ ဒါမဲ့ မီးခြစ်ဆံရောင်းတာအပေါ်မှာ အာရုံမစိုက်ချင်ကြပါဘူး။ ကျွန်တော်တို့ဟာ ကျွမ်းကျင်မှုကို တန်ဖိုးထားတဲ့ ပတ်ဝန်းကျင် လူ့ဘောင်အဖွဲ့အစည်းမှာ နေထိုင်ကြသော်လည်း လူတိုင်းက နောက်ဆုံးရလဒ်ပန်းတိုင်ကိုပဲ စွဲလန်းနေကြတယ်။ ပြဿနာက ဘာလည်းဆိုတော့ တန်ဖိုးရှိတဲ့ ကျွမ်းကျင်မှုတွေကို တည်ဆောက်သင့်တဲ့အချိန်မှာ နောက်ဆုံးရလဒ်ပန်းတိုင်တွေကို အာရုံစိုက်လွန်းအားကြီးပြီး လွယ်လွယ်ကူကူ လှောင်ပိတ်မိနေဖို့ ဖြစ်လာတာပါပဲ။

အောင်မြင်တဲ့ စီးပွားရေးတည်ဆောက်တယ်ဆိုတဲ့ အိပ်မက်ကို အာရုံစိုက်ဖို့အရမ်းလွယ်ပါတယ်။ တနှစ်ကို ၃၇ ဘီလျံရှာပေး နေတဲ့ company တခုကို မလိုချင်တဲ့ စီးပွားရေးသမားရှိပါ့မလား? မရှိနိုင်ပါဘူး။

Get 16hrs’s stories in your inbox ---------------------------------

Join Medium for free to get updates from this writer.

Subscribe

Subscribe

Remember me for faster sign in

ဒါပေမဲ့ Ingvar Kamprad က ဒီလိုစတင်ခဲ့တာ မဟုတ်ပါဘူး။ သူက အလုပ်ကျွမ်းကျင်မှုတွေကို စတင်တည်ဆောက်ခဲ့တာပါ။ သူက မီးခြစ်ဆံဘူးလေးတွေ ရောင်းရင်း စတင်ခဲ့တာပါ။ ပြဿနာသေးသေးလေးတွေကို အာရုံစိုက်ခဲ့တာပါ။ ပြီးမှ တိုးတက်လာတဲ့ ကျွမ်းကျင်မှုတွေကို အသုံးချပြီး ပိုကြီးတဲ့ ပြဿနာတွေကို ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

ပိုကောင်းလာဖို့ အာရုံစိုက်ပါ ပိုကြီးကျယ်ဖို့ အာရုံမစိုက်ပါနဲ့

စီးပွားရေးကို ပိုကြီးအောင် မချဲ့ခင်မှာ Ingvar Kamprad က စီးပွားရေးမှာ ပိုကျွမ်းကျင်ပြီး တော်လာဖို့ အာရုံစိုက်ခဲ့တာပါ။ အဲ့ဒီအကြောင်းကို အချိန်ခဏပေးပြီး စဥ်းစားကြည့်ကြည့်ပါ။

ကျွန်တော်အပါအဝင် လူအများစုက ပိုကောင်းအောင်လုပ်ဖို့ထက် ပိုကြီးကျယ်ဖို့ပဲ အာရုံစိုက်ချင်ကြတာ။ ဓာတ်ပုံဆရာအသစ်တယောက်ဟာ မသိတာတွေကို လေ့လာရင်း ပုံတွေကို ကျွမ်းကျင်အောင် ရိုက်နိုင်ဖို့ ကြိုးစားချင်စိတ် မရှိဘူး National Geographic တို့ ဓာတ်ပုံပြိုင်ပွဲအကြီးကြီးတွေက ဆုတွေတို့ကိုပဲ ပိုလိုချင်နေကြတာပါ။ စာရေးဆရာ အသစ်တယောက်ကလည်း ပိုကောင်းမွန်အောင် ရေးဖွဲ့ချင်စိတ်မရှိပဲ best-seller list ဝင်ချင်စိတ်ပဲ ရှိနေပါတယ်။ လူငယ်ဘတ်စကတ်ဘော ကစားသမားတယောက်ကလည်း ပွဲထွက်စာရင်းထဲ ပါချင်စိတ်ပဲရှိပြီး အကောင်းဆုံး အလိမ်အ ခေါက်ကစားသမားတယောက် ဖြစ်လာချင်စိတ်မရှိဘူး။

ဒါပေမဲ့ ဒီနောက်ဆုံးရလဒ်ပန်းတိုင်တွေအပေါ်မှာပဲ အာရုံစိုက်ထားမယ်ဆိုရင် အောင်မြင်ဖို့အတွက် လိုအပ်တဲ့ တန်ဖိုးရှိသည့် ကျွမ်းကျင်မှုအရည်အသွေး တည်ဆောက်ရန်် လိုအပ်သည့် အလုပ်ပမာဏ လုပ်ခြင်းကနေ အရမ်းလွယ်ကူစွာ အနှောက်အယှက်ပေးနိုင်ပါတယ်။ ပြီးတော့ ပြဿနာက အဲ့ဒီ ပမာဏဆိုတဲ့အရာပါပဲ။ အလုပ်လုပ်ရတဲ့ ဖြစ်စဥ်တွေက နောက်ဆုံး ပန်းတိုင်တွေထက် အရေးကြီးပါတယ်။ ဒါဟာ အထူးသဖြင့် အစမှာ မှန်ပါတယ်။ အကြီးကြီးတွေလုပ်ဖို့ မစိုးရိမ်ခင်မှာ ကျွမ်းကျင်ဖို့အတွက်ပိုပြီး အာရုံစိုက်ပါ။

အမှန်ကတော့ အစောပိုင်းမှာဖန်တီးလိုက်တဲ့အရာအများစုဟာ ကောင်းတယ်ဆိုရင်တောင်မှ အဲ့လောက် မကောင်းပါဘူး။

ကျနော်ရဲ့ ဆောင်းပါးတခုထဲမှာ ပြောဖူးပါတယ်။ ထင်ရှားကျော်ကြားတဲ့ တေးရေးဆရာ ၇၀ ကျော်ကို သုံးသပ်ထားတဲ့ သုတေသန တခုရှိပါတယ်။ ဘာကိုဖော်ထုတ်နိုင်ခဲ့လည်းဆိုတော့ ဒီထဲက ဂီတပါရမီရှင်တယောက်မှ သူတို့ရဲ့ လုပ်သက် ၁၀ နှစ်မတိုင်ခင် ထင်ရှားကျောက်ကြားတဲ့ ဂီတအနုပညာတွေကို မဖန်တီး မထုတ်လုပ်နိုင်ခဲ့ပါဘူး။ အသိအမှတ်ပြမှုနည်းနည်းလေးနှင့် အလုပ်ကြိုးစားမှု အချိန်အတိုင်းအတာဟာ ၁၀နှစ်လောက် ငြိမ်ငြိမ်သက်သက် နေနေရတာနဲ့ အလားတူပါပဲ။ ဒီ ၁၀ နှစ်ဆိုတဲ့ ကာလဟာ Ingvar Kamprad မီးခြစ်ဆံတွေရောင်းနေခဲ့ရတဲ့ အချိန်ပမာဏနဲ့ အရမ်းတူပါတယ်။ နယ်ပယ်တွေသာ မတူတာပါ ကျွမ်းကျင်မှုတွေကို တည်ဆောက်ဖို့အတွက် ပေးဆပ်ရတဲ့ အချိန်နဲ့ အားစိုက်မှုကတော့ အတူတူပါပဲ။

Original Article

https://jamesclear.com/ingvar-kamprad

← Back to writing